Root တူးလေးတွေအများကြီးရှိတဲ့အထဲက Root ဖောက်တာအသေသပ်ဆုံးနှင့်
သပ်ရပ်ပြီးစနစ်တကျ Android ဖုန်းတွေကိုကွန်ပျူတာနှင့်ချိတ်ဆက်ပြီး Root
ဖောက်ချင်သူများအတွက် ကျနော့်ရဲ့လက်စွဲတော်လေးကိုတင်ပေးမယ်လို့စဉ်း
စားထားခဲ့တာကြပါပြီ..။အခုမှပဲတင်ဖြစ်တော့တယ် ကွန်ပျူမလိုပဲဖုန်းထဲမှာတင်
Root လုပ်ပေးနိုင်တဲ့ Root တူးတွေလည်းအများကြီးရှိပါတယ်..အဆင်ပြေတာ
ရှိသလို မပြေတဲ့အခါမျိုးလည်းကြုံရတတ်ပါတယ်..အခုနောက်ဆုံးထွက်ဘားရှင်း
လေးက 4.4.2 အထိ Root လုပ်လို့ရအောင်အတွက် Support လုပ်ထားပေးပါတယ်..
Android ဖုန်းတစ်လုံးအား Root လုပ်ခြင်း (အပိုင်း၁)
(၁) လိုအပ်တာတွေကတော့ ကွန်ပျူတာနဲ့ဆက်သွယ်ရန် ဖုန်းရဲ့ USB ကြိုးရယ်
Orginal ကြိုးဆိုရင်ပိုပြီးကောင်းပါတယ်
(၂) ကွန်ပျူတာကနေ ဖုန်းကိုသိရန်အတွက် ဖုန်းအမျိုးစားလိုက် Driver တွေရယ်
(အင်တာနက်ရှိတဲ့ကွန်ပျူတာတွေဆိုရင် Auto ရှာပေးပါတယ်..)
နောက်ပိုင်းကျနော်ဖုန်းတွေရဲ့ USB Driver တွေကိုသီးသန့်တင်ပေးပါမည်..။
(၃) လိုအပ်တဲ့ Application တွေရှိရင် Root လုပ်ပြီး မြန်မာစာထည့်နည်းကအဆင်
ပြေသွားပါလိမ့်မယ်။
ဖုန်းရဲ့ Setting ထဲဝင်ပြီးအောက်ပုံလေးအတိုင်းအနည်းငယ်ပြောင်းပေးလိုက်ပါ
အသစ်ဝယ်လာတဲ့ဖုန်းတွေမှာဆိုရင် Developer options ကိုတွေ့ရမှာမဟုတ်ပါ
ဒါကြောင့် About device ကိုလေး၊ငါးခါလောက်ဆက်တိုက်ဖိပေးလိုက်ရင်
Developer options ကိုတွေ့ရမည်ဖြစ်ပါတယ်
ပြီးရင်တော့ Developer options နေ USB debugging ကိုအမှန်ခြစ်လေးထည့်ပေးလိုက်ပါ
ကွန်ပျူတာနဲ့ချိတ်ဆက်ထားရင်တော့ ဖုန်းကနေအသိပေးလာရင် အိုကေ ပေးလိုက်ပါ...
ကွန်ပျူတာနဲ့ချိတ်ဆက်ထားရင်တော့ ဖုန်းကနေအသိပေးလာရင် အိုကေ ပေးလိုက်ပါ...
Kingo Root ကိုကွန်ပျုတာပေါ်မှာ Run ပြီးတော့ဖွင့်လိုက်ပါ..အောက်ပုံအတိုင်းတွေ့ရပါမယ်.
Root ဖောက်ရန်အတွက်ဖုန်းမှာအနည်းဆုံး Battery 70 % လောက်ရှိရပါမယ်..
ဖုန်းကို ကွန်ပျူတာနဲ့ချိတ်ဆက်လိုက်ရင် ဖုန်းရဲ့ Driver တွေကိုရှာပြီးအင်စတော့လုပ်ပေးပါမယ်
(မှတ်ချက်) ဖုန်းရဲ့ Driver တွေကွန်ပျူတာမှာမရှိသေးဘူးဆိုရင် Root လုပ်လို့မရနိုင်ပါ..
(မှတ်ချက်) ဖုန်းရဲ့ Driver တွေကွန်ပျူတာမှာမရှိသေးဘူးဆိုရင် Root လုပ်လို့မရနိုင်ပါ..
အင်စတော့လုပ်ပြီးသွားရင် ကွန်ပျူတာနေဖုန်းကိုသိပြီဆိုရင်တော့ အောက်ကပုံလေးအတိုင်း
Device Name နဲ့အတူ Root မရှိသေးကြောင်းပြပါလိမ့်မယ်..
Device Name နဲ့အတူ Root မရှိသေးကြောင်းပြပါလိမ့်မယ်..
အားလုံး Ready ဖြစ်ပြီဆိုရင်တော့ Root ကိုကလစ်ပြီး Root ဖောက်ခြင်းစတင်ပါ..
ကွန်ပျူတာမှအင်တာနက်ကိုဖွင့်ပေးထားရမှာဖြစ်ပါတယ်..
အောက်ပုံလေးအတိုင်း ဖုန်းကို Root လုပ်နေပြီဖြစ်ပါတယ်..ဒီအတိုင်းလွတ်ထားလိုက်ပါ..
ကွန်ပျူတာမှအင်တာနက်ကိုဖွင့်ပေးထားရမှာဖြစ်ပါတယ်..
အောက်ပုံလေးအတိုင်း ဖုန်းကို Root လုပ်နေပြီဖြစ်ပါတယ်..ဒီအတိုင်းလွတ်ထားလိုက်ပါ..
အချို့သောဖုန်းတွေမှာဆိုရင် Root မပြီးသေးပဲ Restart ကျတတ်ပါတယ်..ပြန်တက်လာရင်
သူဘာသာဆက်အလုပ်လုပ်နေပါလိမ့်မယ်..
မိနစ်အနည်းငယ်လောက်ကြာပြီးတော့ နောက်ဆုံးအဆင့်အောက်ကပုံလိုမျိုးပေါ်လာရင်တော့
Root လုပ်တာအောင်မြင်သွားပါပြီ ..Restart ပြီး USB ကြိုးကိုဖြုတ်လိုက်ပါ..
ပါဝါပွင့်ပြီးတက်လာရင်တော့ ဖုန်းမှ SuperSu လေးနဲ့အတူ Root Request ရသွားပါပြီ..
ဒါက Root လုပ်တာပဲရှိပါသေးတယ်..
အားလုံးအဆင်ပြေနိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်....
No comments:
Post a Comment