AIS ဖုန်းကိုမြန်မာစာထည့်နည်းလေးကိုတင်ပြပေးလိုက်ပါတယ်..အခုထိုင်း
နိုင်ငံမှာတော့ AIS ဖုန်းတော်တော်များများကို ဈေးသက်သက်သာလေးနဲ့အ
သုံးပြုလို့လည်းအဆင်ပြေတယ်ဆိုတာကြောင့် တစ်ချို့သောအသုံးပြုနေသူ
တွေ မြန်မာစာထည့်နည်းနှင့် မြန်မာလိုပါရေးလို့၊ဖတ်လို့ရအောင် ဒီပို့စ်လေး
ကိုရေးပေးလိုက်ပါတယ်.ကျနော့်ဆီကို AIS ဖုန်းကိုမြန်မာစာထည့်ဖို့အကူညီ
တောင်းလာတာနဲ့တစ်ခါတည်း ..လိုအပ်နေတဲ့သူတွေအတွက်လည်းအဆင်
ပြေစေအောင် အစ၊အဆုံးကိုပုံလေးတွေနဲ့ပါ ရှင်းပြပေးလိုက်ပါတယ်..။
Android ဖုန်းတစ်လုံးကိုမြန်မာဖောင့်ထည့်မယ်ဆိုရင်တော့ ဖုန်းအမျိုးစားလိုက်
မတူတဲ့ ကွဲပြားခြားနားချက်လေးတွေရှိပါတယ်..အမြဲတမ်းတော့ပုံသေသတ်မှတ်
လို့တော့မရပါဘူး..အဆင်ပြေတာရှိသလို မပြေတဲ့အခါမျိုးလဲကြုံရတတ်ပါတယ်.
အခုကျနော် AIS Lava (lris 700) ဖုန်းကိုမြန်စာထည့်လို့အဆင်ပြေသွားတဲ့အ
တွက် ကျနော်လေ့လာမိသလောက်နည်းပညာလေးတွေကိုပြန်လည်မျှဝေပေး
လိုက်ခြင်းဖြစ်ပါတယ်..။ အရင်က ဖုန်းတော်တော်များများကို Root ဖောက်ပြီး
မြန်မာစာထည့်နည်းကို တော်တော်များများပြုလုပ်ခဲ့ပြီဖြစ်ပါတယ်..အခုတော့
ကျနော်ဟိုးအရင်ကပြောခဲ့သည့်အတိုင်း Android ဖုန်းတစ်လုံးအားမြန်မာဖောင့်
ထည့်နည်းအပြည့်အစုံကို သိသလောက်တင်ပြပေးလိုက်ပါတယ်..။
AIS Lava (lris 700) ဖုန်းကိုမြန်မာဖောင့်ထည့်တော့မယ်ဆိုရင်တော့ Root ကို
အရင်ဆုံးပြုလုပ်ရမှာဖြစ်ပါတယ်..။
(၁) AIS ဖုန်းမှာ Root ရှိပြီးသားဖြစ်ရပါမယ်..
AIS Lava (lris 700) ဖုန်းကိုတော့ Kingo Root ကိုအသုံးပြုပြီးတော့လုပ်လို့
အဆင်ပြေပါတယ်..ကျနော်ကိုယ်တိုင်စမ်းသပ်ပြီးသွားပါပြီ..အခြားသော Root
တွေကိုတော့မစမ်းသပ်ရသေးပါ..။
အောက်မှာပုံလေးတွေကိုဆက်ကြည့်လိုက်ပါနော်..
(၂) သင့်ရဲ့ဖုန်းက Root ရပြီးသွားပြီဆိုရင်တော့ အောက်မှာပေးထားတဲ့ လိုအပ်တဲ့
ဖိုင်တွေကိုအရင်ဒေါင်းယူလိုက်ပါ..။
=> Busy Box Free v10.5 : Download
=> Z.F.C (Zawgyi Font Changer (Z.F.C) Myominlatt : Download
=> MM Font installer Djjoe Man : Download
=> Frozen Keyboard 1.1.3 : Download
(၃) Busy Box ကိုအောက်ပါအတိုင်းဖုန်းထဲမှာအင်စတော့လုပ်ပါ..
@=> ပထမအဆင့်အနေဖြင့် Root ဖောက်ပြီးသားဖုန်းတစ်လုံးအား BusyBox အားအပေါ်
ပုံလေးတွေအတိုင်းထည့်လို့ ရသွားပြီဆိုရင်တော့..
နောက်တစ်ဆင့် => Z.F.C Zawgyi Font Changer ကိုအင်စတော့လုပ်ပါ..
ပြီးသွားရင်တော့ ဖုန်းကို Restart ချလိုက်ပါ..
@=> အပေါ်ကအဆင့်တွေအားလုံးပြီးသွားရင်တော့ သင့်ရဲ့ဖုန်းကိုမြန်မာစာထည့်လို့ ပထမ
အဆင့်ပြီးသွားပါပြီ..
ဆက်လက်ပြီးတော့ မြန်မာစာမြင်ရန်အတွက် MM Font installer
ကိုအောက်ပုံတွေအတိုင်းဆက်လက်အင်စတော့လုပ်ပါ.
@=> ပြီးသွားရင်နောက်တစ်ခေါက်ဖုန်းကို Restart ချလိုက်ပါ..
မြန်စာဖောင့်လည်းထည့်ပြီးသွားပြီ၊ မြန်မာစာမြင်ရန်အတွက်လည်းလုပ်ပြီးသွားပြီ
ဆိုရင်တော့ နောက်ဆုံးအဆင့်အနေဖြင့် မြန်မာစာရိုက်ရန်
Frozen Keyboard လက်ကွက်ကိုဆက်လက်အင်စတော့လုပ်ပါ..။
(ဒီနေရာမှာတော့ မိမိနှစ်သက်ရာကိုကီးဘုတ်ကိုထည့်ပြီးအသုံးပြုနိုင်ပါတယ်..)
@=> ထည့်ပြီးသွားရင်တော့ မြန်မာလက်ကွက်ရိုက်ရန်အတွက် အောက်ပါအတိုင်းအနည်းငယ်
ပြောင်းပေးလိုက်ပါ..။
@=> မြန်မာစာရိုက်ရန် ForzenKeyboard ကိုရွေးပြီးသွားရင်တော့ အောက်ပုံလေးအတိုင်း
Language & input နေရာမှာ ForzenKeyboard ကိုအမှန်ခြစ်လေးထည့်ပေးလိုက်ပါ..
@=> ဒါဆိုရင်တော့ အောက်မှာနမူနာရိုက်ပြထားတဲ့အတိုင်း Goole ကနေကျနော်အစမ်းရှာပြီး
တော့ ပြပေးလိုက်ပါတယ်..
မှတ်ချက် ====> မြန်မာစာအနည်းငယ်မမှန်တာကလွဲလို့ ကျန်တာအကုန်လုံးဖတ်လို့၊
ရေးလို့ရပါတယ်..။
အပေါ်က APK ဖိုင်တွေနဲ့ ဒီပို့စ်ထဲကပုံတွေအားလုံးကို အောက်ကလင့်လေးမှာ RAR ဖိုင်
လေးနဲ့အားလုံးကိုပေါင်းပြီးတော့တင်ပေးထားပါတယ်..။ အောက်မှာ ဒေါင်းယူနိုင်ပါပြီး ခင်ဗျာ....

အာလုံးပဲဆင်ပြေပါစေလို့ မျှော်လင့်ပါတယ်
ကျနော်တင်တဲ့ Post တွေကို
No comments:
Post a Comment